Connect with us

Videos

၅၂ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ၁၅၀၀ ပိုမိုပြသ

နေပြည်တော်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် (၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပခဲ့ပါတယ်။ ပြပွဲကာလမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိဖြစ်ကြောင်း သိရပါတယ်။ ကျောက်မျက် အတွဲများကို ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ကာ ၊ ကျောက်စိမ်းအတွဲများကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ရောင်းချသွားမည်ဟု သိရပါတယ်။

နေပြည်တော် ကျောက်မျက်ပွဲပြပွဲတွင် မနှစ်က ကျောက်စိမ်းတွဲပေါင်း ၇၅၀၀ ပြသခဲ့ပြီး၊ ယခု နှစ်တွင် ကျောက်စိမ်းတွဲပေါင်း ၈၉၄၃ တွဲ ပြသခဲ့သဖြင့် အတွဲပေါင်း ၁၅၀၀ လောက် ပိုမိုပြသနိုင်ကြောင်း ကျောက်မျက် ရတနာ ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦး က ဆင်ဟွာကို ပြောပါတယ်။

ပြပွဲတွင် ကျောက်မျက်အတွဲ ၃၂၃ တွဲ ခင်းကျင်းပြသ ရောင်းချမှာဖြစ်ပြီး ယူရို ၅၀၀ မှ ၂၀,၀၀၀ အထိတန်ဖိုးရှိ ကျောက်မျက်အတွဲ ၂၃၆ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကာ၊ ၈၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။ ကျောက်စိမ်း အတွဲများအနေဖြင့် ၈၉၄၃ တွဲ တင်ပြ ရောင်းချမည်ဖြစ်ပြီး ယူရို ၄,၀၀၀ မှ ယူရို ၂၀၀,၀၀၀ အထိ တန်ဖိုးရှိသည့် ကျောက်စိမ်း တွဲများကို တင်ဒါစနစ်ဖြင့် ရောင်းချမှာဖြစ်ပြီး ၊ ယူရို ၂၀၀,၀၀၀ အထက် တန်ဖိုးရှိ ကျောက်စိမ်းတွဲတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.