Connect with us

Videos

ရန်ကုန်မြို့တွင် ရေသဘင်ပွဲတော်ဆင်နွှဲရန် ပြည်သူများတက်ကြွစွာပြင်ဆင်

ရန်ကုန်၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိပြည်သူများ အထူးသဖြင့် လူငယ်များက အင်္ဂါနေ့ မှ စတင်ကာ ၅ ရက်တာ ကျရောက်မည့် ရေသဘင်ပွဲတော်ကို တက်ကြွစွာဆင်နွှဲရန်အတွက် ပြင်ဆင်လျက်ရှိသည်။

လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်အချို့က လည်း အပြင်အဆင် ဒီဇိုင်းများ သူ့ထက်ငါ လှပစွာ ဖန်တီးထားကြတာ ကိုလည်းမြင်တွေ့နိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့ ၏ အချက်အချာနေရာနှင့် အကြီးဆုံး မဏ္ဍပ်ဖြစ်သော ရန်ကုန်မြို့တော်မဟာသြင်္ကန်ှဗဟိုမဏ္ဍပ်တွင် လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ လှပစွာဆင်ယင်ထားသည်။
ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့တွင်း မဏ္ဍပ်ပေါင်း ၂၁ဝ ကို ဖွင့်လှစ် ခွင့်ပြုထားပြီး အစိုးရဋ္ဌာန မဏ္ဍပ်ပေါင်း ၇ ခု၊ ပုဂ္ဂလိက မဏ္ဍပ် ၁၂ ခုနှင့် အခြား အသေးစားနှင့် အလတ်စား မဏ္ဍပ်ပေါင်း ၁၉၁ ခုတို့ဖြစ်ကြောင်းသိရသည်။
သို့ရာတွင်ရန်ကုန်မြို့၏ အဓိက လူစည်ကားရာ လမ်းနေရာ ၂ ခုတို့ ဖြစ်သည့ ် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု တို့ကို ကာကွယ်ရန်အတွက် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့် ကို ပိတ်ပင်ခံထားရသည်။
မနှစ်က စီးပွားဖြစ် မဏ္ဍပ်ပေါင်း ၇၈ ခု အား လူစည်ကားရာ အဆိုပါ နေရာ ၂ ခုတို့တွင် ဖွင့်လှစ်ခဲ့သည်။
အယ်လ်နီညို ရာသီဥတု ကြောင့် ရေရှားပါးနိုင်သည့်နှစ်တွင် ရေကို ချွေတာရာရောက်စေရန်အတွက် ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် ဖြစ်သူ ဦးဖြိုးမင်းသိန်းကလည်း သြင်္ကန်ပွဲတော်ကို ဗန်းပြ၍ စီးပွားရေး လုပ်စားခြင်းကို လုံးဝ ခွင့်မပြုကြောင်း၊ လူငယ်များအနေဖြင့် ပွဲတော်ကာလတွင် သောက်စား မူးယစ်ရမ်းကားခြင်းမပြုလုပ်ရန် အထူးသတိပေးခဲ့သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ အဆိုအရ သြင်္ကန်ပွဲတော်ကာလအတွင်း တာဝန်ချထားမည့် ရဲ အရေအတွက်သည် ၈ထောင်ကျော်ရှိသည်ဟုဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှု နှင့် လူထူထပ်သည့် နေရာများတွင် အဓိကရုဏ်းများဖြစ်ပွားခြင်းကို ရှောင်ရှားနိုင် ရန် ယာဉ်ထိန်းရဲများကိုလည်း တာဝန်ချထားမည်ဟုသိရသည်။
ယဉ်ကျေးမှု နှင့် သာသနာရေး ဝန်ကြီးဋ္ဌာနမှလည်း သြင်္ကန်ပွဲတော်အတွင်း ပြည်သူများအနေဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း၍ ယဉ်ကျေးစွာရေကစားကြရန် ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အရက်သေစာသောက်စားခြင်းတို့ကို ရှောင်ရှားကြပါရန်မေတ္တာရပ်ခံထားသည်။
မြန်မာ့ရိုးရာရေသဘင်ပွဲတော်သည် အသက်အရွယ်မရွေး လူတန်းစား ကျားမမရွေး ပျော်ရွှင်စွာပါဝင်နိုင်သည့် ပွဲတော်ဖြစ်သည်။
မြန်မာ့ရိုးရာ ၁၂ လ ရာသီထဲတွင် တစ်ခုအပါအဝင်ဖြစ်သော သြင်္ကန်ပွဲ တော် သည် မြန်မာပြည်သူ များအားလုံးအတွက် တည်ငြိမ်အေးချမ်းမှု ပြည့်စုံပျော်ရွှင်မှုတို့ကို ရည်ညွှန်းသည့် ပွဲတော်တစ်ခုပင်ဖြစ်ပေသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117