Videos
ရေခဲပန်းပုပြိုင်ပွဲတွင် ဆုရရှိသူများအားကြေညာခဲ့
ဟာဘင်၊ ဇန်နဝါရီလ(၁၅) ရက် (ဆင်ဟွာ)
၂၁ ကြိမ်မြောက် ဟာဘင် နိုင်ငံတကာ ရေခဲနှင့် နှင်းပွဲတော်တွင် ရေခဲပန်းပု ပြိုင်ပွဲအားနိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ ပညာရှင်ပေါင်း ၁၁ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည် ။ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပြီးဆုံးခဲ့သောအဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြင်သစ်၊ ဂျာမနီ ၊ ရုရှား၊ ကိုရီးယား စသည့်နိုင်ငံပေါင်းစုံမှ ဝင်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်များအား အဖွဲ့ ၂၇ ဖွဲ့ခွဲကာ ဝင်ရောက်ယှဉ်ပြိုင်စေပြီး အဖွဲ့တစ်ဖွဲ့ချင်းစီမှ ရေခဲတုံးများအား ပန်းပုရုပ်ဖြစ်သည်အထိ အစအဆုံး ထုဆစ်ပုံဖော်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ထိုသို့ယှဉ်ပြိုင်ရာတွင် တရုတ်လူမျိုးများအဖွဲ့မှ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းတို့ယှဉ်ပြိုင်သော အရုပ်မှာ ကလေး(၃)ယောက်မှ လယ်ကွင်းထဲတွင် ကစားနေကြပုံအား ထုလုပ်ထားခြင်းဖြစ်သည်။ ရုရှားအသင်းမှ ဒုတိယရရှိခဲ့ပြီး ကမ္ဘာပတ်လမ်းနှင့် လူသားတို့၏ နေ့စဉ်ဘဝအား ထုဆစ်ပုံဖော်ခြင်းဖြစ်သည်။ နောက်ထပ် ရုရှားအသင်းတစ်သင်းမှလည်း အထူးဆု အား ဆောင်းဧကရီ ရုပ်ထုအားထုလုပ်ပြီးဆွတ်ခူးရယူခဲ့သည်။ ပိုလန်အသင်းမှ လည်း တီထွင်ဆန်းသစ်မှှု အရှိဆုံးပန်းပုရုပ်အားထုလုပ်နိုင်သည့်အတွက်ဆုလက်ခံရခဲ့သည်။
မွန်ဂိုလီးယန်းအဖွဲ့မှလည်းရေခဲပန်းပု ကျွမ်းကျင်စွာထုလုပ်နိုင်သည့်အဖွဲ့အဖြစ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ပြိုင်ပွဲအား (၄) ရက်ကြာကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua)