Connect with us

Videos

အင်ဒိုနီးရှားမြို့တော် ဂျာကာတာ ၌ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့

ဂျာကာတာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ ဈေးဝယ်စင်တာ တစ်ခု အနီးတွင် ယာဉ်ထိန်းရဲ တစ်ဦးအား သေနတ် သမားများက တိုက်ခိုက်မှုတစ်ခု ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် ရရှိသည့် သတင်းများအရ အကြမ်းဖက်သမား (၄) ဦးအပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Anton Charliyan က သတင်း ထောက်များအား ပြောသည်။

ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် သမ္မတနန်းတော် ဝန်းကျင်တွင် လုံခြုံရေးများ တိုးမြှင့် တပ်ဖြန့်ထားကြောင်း အင်ဒိုနီးရှား ရဲချုပ် ဗိုလ်ချုပ်ကြီး Badrodin Haiti က ပြောသည်။ဗိုလ်မှူးချုပ် Anton Charliyan က အဆိုပါ တိုက်ခိုက်မှုသည် အင်ဒိုနီးရှားနိုင်ငံသို့ အိုင်အက်စ် (IS) အဖွဲ့ က တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ချက် ထုတ်ပြန်ပြီးနောက် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

အိုင်အက်စ် (IS) အဖွဲ့၏ သတိပေး ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း နေရာမျိုးစုံ၌ှ စစ်သွေးကြွများ အား ဖမ်းဆီးထားခဲ့သည် ဟုဆိုသည်။

ထို့ပြင် ဂျာကာတာ အနောက်ပိုင်း ပါလ်မီရာ တွင်လည်း အခြားပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.