Connect with us

Videos

တိုင်တန်နိုဆော ဒိုင်နိုဆောအရိုးစုအား အမေရိကန် သဘာဝသမိုင်းပြတိုက်တွင် ပြသ

နယူးယောက် ၊ ဇန်နဝါရီ (၁၅) ရက် (ဆင်ဟွာ)

အမေရိကန် သဘာဝသမိုင်းပြတိုက် ဖွင့်လှစ်ခြင်း (၁၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် တိုင်တန်နိုဆော ဒိုင်နိုဆောအရိုးစုအားပြသခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ အရိုးစုအား အစိတ်အပိုင်း စုံလင်စွာ ပြသနိုင်ခြင်းသည် အလွန်ရှားပါးကြောင်း အရိုးစု မှာ ၁၂၅ ပေရှိသော ကြောင့် အသက်ရှင်စဉ်က အင်မတန်ကြီးမားသော သတ္တဝါကြီးတစ်ကောင်ဖြစ်မည်ဟု ယူဆနိုင်ကြောင်း သိရသည်။ အလေးချိန်အားဖြင့် တန် ပေါင်း (၇ဝ) ခန့်ရှိသည့် အဆိုပါ အရိုးစုအား စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသူလည်းများပြားကြောင်းသိရသည်။

အာဖရိကတိုက်ရှိ ဆင်အကြီးမျိုးထက် များစွာကြီးမားပြီး အခြား ဒိုင်နိုဆောမျိုးနွယ်များထက်လည်း အရွယ်အစားပိုမိုကြီးမားသည့် တိုင်တန်နိုဆော မျိုးနွယ်ဒိုင်နိုဆောရုပ်ကြွင်းဖြစ်သည်။ အဆိုပါရုပ်ကြွင်းအား ရှာဖွေတွေ့ရှိသူတို့ကိုယ်တိုင် ယခုထက်တိုင်အမည်ပေးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.