Videos
သမ္မတရှီကျင့်ဖိန်၏ ငယ်ဘဝဖြတ်သန်းမှုပုံရိပ်များ
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)
သမ္မတရှီကျင့်ဖိန် သည် အသက် ၁၅ နှစ်အရွယ်တွင် ရှန်ရှီးပြည်နယ် မြောက်ပိုင်း Liangjiahe ကျေးရွာ၌ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပညာတတ်လူငယ် စေတနာ့ဝန်ထမ်း အဖြစ် နေထိုင်ခဲ့ ပြီး တောင်ယာလုပ်ငန်းခွင် အလုပ်ကြမ်းမှန်သမျှကို မညည်းညူဘဲလုပ်ကိုင်ခဲ့သည်။ ထိုသို့နေထိုင်စဉ်အတွင်း ရှီကျင့်ဖိန်မှာ သဘာဝဓါတ်ငွေ့ထုတ်စက်နည်းပညာကို စီချွမ်ပြည်နယ်တွင် သွားရောက်သင်ယူခဲ့ကာ ရှန်ရှီးပြည်နယ်၏ ပထမဆုံးသဘာဝဓါတ်ငွေ့ထုတ်စက်ကိုဖန်တီးပေးခဲ့သည်။ ထို့အပြင် ကျေးရွာနေပြည်သူလူထုအတွက် အကျိုးရှိစေမည့် စက်ကိရိယာများကိုလည်းဝယ်ယူပေးခဲ့သည်။ ငယ်စဉ်ကတည်းက ကျေးရွာသားများ နှင့် တစ်သားတည်းနေထိုင်ကာ တစ်ရွာလုံး၏ ချစ်ခင်အားကိုးခြင်းကို ခံရသူလည်းဖြစ်သည်။ သမ္မတရှီက မိမိ ၏ ဘဝတွင် လူတန်းစား နှစ်မျိုး၏ အထောက်အပံ့ရခဲ့ပါကြောင်း တော်လှန်ရေးကာလလမ်းစဖော်ခဲ့သူများနှင့် ရှန်ရှီးရွာသားများပင်ဖြစ်ကြကြောင်းပြောဆိုခဲ့သည်။ အာဏာ၏အခြေခံအုတ်မြစ်မှာ ပြည်သူလူထုတွင်သာ တည်မှီသည် ဟု မိမိအနေဖြင့်နားလည်ခဲ့ပါကြောင်း၊ သာမန်လူနေမှုဘဝကိုကောင်းမွန်စွာနားလည်ခဲ့ပါကြောင်း၊ ဒါဟာ အခြေခံအကျဆုံးလွှမ်းမိုးမှုတစ်ခုပင်ဖြစ်ပါကြောင်း၊ အချက်အလက်များမှ တစ်ဆင့်အမှန်တရားကို ရှာဖွေသည့် မိမိ၏ စိတ်ကူးမှာ ထိုမှတစ်ဆင့်ပေါက်ဖွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုထက်တိုင် လွှမ်းမိုးလျက်ရှိ ပါကြောင်း သမ္မတရှီကပြောကြားခဲ့ပါသည်။(Xinhua)