Connect with us

Videos

တရုတ်နိုင်ငံတွင်လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်မည့် လေသန့်စင်ပေးနိုင်သော မျှော်စင်ကြီးတည်ဆောက်

ရှီအန်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မြူခိုးများကိုဖယ်ရှားရှင်းလင်းပေးမည့် မီတာ ၆ဝ အမြင့်ရှိ လေသန့်စင်ပေးနိုင်သောမျှော်စင်ကြီး တစ်ခုကို နိုင်ငံအနောက်မြောက်ပိုင်း ရှီအန်းတွင် တည်ဆောက်ထားကြောင်းသိရသည်။ ထိုမျှော်စင်ကြီးမှာ လေထုညစ်ညမ်းမှုကို ဖြေရှင်းနိုင်ရန် ပြုလုပ်သည့် သုတေသန ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ မျှော်စင်၏ အောက်ခြေတွင် မှန်ခန်းများတည်ဆောက်ထားပြီး ထိုမှန်ခန်းများက ညစ်ညမ်းသည့် လေထုကို နေရောင်ခြည်စွမ်းအင်ဖြင့်အပူပေးသည်။ အပူပေးရာမှ ထွက်ရှိသည့်လေပူများမှာ မျှော်စင်အတွင်းရှိ လေစစ် အလွှာများကိုဖြတ်သန်းဝင်ရောက်ကာ သန့်ရှင်းသောလေများကိုပြန်လည်ထုတ်လွှတ်ပေးခြင်းဖြစ်သည်။ ထိုစနစ်ကို တရုတ်နိုင်ငံသိပ္ပံပညာကျောင်းမှ စမ်းသပ်ပြီးနောက် ယခုလာမည့် မတ်လတွင် သတင်းအချက်အလက်ကိုထုတ်ပြန်မည်ဖြစ်သည်။ ၎င်းအချက်အလက်အရ အဆိုပါနည်းပညာအောင်မြင်ခဲ့ပါက လေသန့်စင်ပေးနိုင်သော မျှော်စင်များစွာကို တရုတ်နိုင်ငံရှိအခြားမြို့များတွင်လည်း တည်ဆောက်သွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.