Connect with us

Videos

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးပုံစံတူ မျောက်နှစ်ကောင်ကို ပုံတူပွားဖန်တီးနိုင်ခဲ့

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးပုံစံတူ မျောက်နှစ်ကောင်ကို ဆဲလ်ခွဲထုတ်ခြင်း Dolly နည်းပညာကိုအသုံးပြုကာ အောင်မြင်စွာပုံတူပွားဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့သည်။ ၎င်းမှာ မျိုးဗီဇတူမျောက်မျိုးစိတ်များ အား တိုးပွားစေမည့် သုတေသနပြုချက်တစ်ခုလည်းဖြစ်သည်။

မျိုးဗီဇတူ ပုံပွားထားသော မျောက်ကလေး နှစ်ကောင်ကို ကျုံးကျုံးနှင့် ဟွာဟွာဟုအမည်ပေးထားပြီး ၂ဝ၁၇ ခုနှစ်နှစ်ကုန်ပိုင်းက တရုတ် သိပ္ပံပညာကျောင်း ကပုံတူပွားမွေးမြူနိုင်ခဲ့ခြင်းဖြစ်သည်။ သုတေသီများက မျိုးဗီဇဖြစ်စဉ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် အဖိုဆဲလ်မှ nucleus ကိုထုတ်ကာအခြားမျိုးတူ nucleus တစ်မျိုးဖြင့်အစားထိုးခဲ့ပြီး မိခင်၏ သားအိမ်တွင်ပြန်လည်ထည့်သွင်းကာ ပုံတူပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၁၉၉၇ ခုနှစ် သိုးမလေး Dolly အား အောင်မြင်စွာ ပုံတူပွားနိုင်ခဲ့ပြီးအခြားနို့တိုက်သတ္တဝါများကိုလည်း ပုံတူပွားခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် မျောက်များမှာ လူများနှင့် မျိုးဗီဇအားဖြင့် လွန်စွာ နီးကပ်ဆက်နွယ်သောကြောင့် ယခုကဲ့သို့ပုံတူပွားလုပ်ငန်းစဉ်တွင် စိန်ခေါ်မှုရှိခဲ့သည်။ သိုးမလေးကို အစွဲပြုကာထိုနည်းပညာကို Dolly နည်းပညာဟုခေါ်ဝေါ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.