Connect with us

Videos

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ညှိနှိုင်း စည်းဝေး ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ကော်မရှင် နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ ဖွဲ တို့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယနေ့ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ NRPC ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဆက်လက် ညှိနှိုင်းမည့် အလွန် အရေးကြီးသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အတူတကွ ပူးပေါင်းပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ကြပါစေကြောင်း အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး နှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ် ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကြီးကြပ် မှုကော်မတီများ ဖွဲ့စည်းရေး ကိစ္စ ၊ နိုင်ငံရေးဆွေးနွေးပွဲများ အဆင့်ဆင့်တွင် ဆွေးနွေးရမည့် အစီအစဉ်များ (Sequencing) ဆိုင်ရာ ကိစ္စ ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေး ကိစ္စ နှင့် အထွေထွေ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုအစည်းအဝေးသို့အထူးဖိတ်ကြားထားသူများ အဖြစ် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ၊ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ မှ ဦးသုဝေ ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေ တို့တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.