Connect with us

Videos

တရုတ်လူမျိုးအင်ဂျင်နီယာများက လူလိုက်ပါ စီးနင်းနိုင်သည့် ဒရုန်းအမျိုးအစားယာဉ်များကိုတီထွင်

ဟဲနန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်လူမျိုးအင်ဂျင်နီယာများမှာ မောင်းသူမဲ့ယာဉ်များအပြင် လူလိုက်ပါ စီးနင်းနိုင်သည့် ဒရုန်းအမျိုးအစားယာဉ်များကိုလည်း တီထွင်ခဲ့ကြသည်။ ဓါတ်ဆီအသုံးပြုမောင်းနှင်နိုင်ပြီး ဒလက် ၄ လုံးပါ လူလိုက်ပါစီးနင်းနိုင်သည့် ဒရုန်းတစ်စီးကို တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲနန်ပြည်နယ် ကျန်းကျိုးတွင် ပြသခဲ့သည်။ အဆိုပါ ဒရုန်းမှာ တစ်နာရီကို ၁၂ဝ ကီလိုမီတာ အထိရောက်အောင်မောင်းနှင်နိုင်ပြီး ပျံသန်းချိန် ၃ နာရီ ကြာ မောင်းနှင်ပျံသန်းနိုင်သည်။ ကီလိုမီတာ ၁ဝဝ အချင်းဝက်အထိ ထိန်းချုပ်နိုင်ပြီး အမြင့် မီတာ ၃ထောင်အထိ ပျံသန်းနိုင်သည်။ လူလိုက်ပါနိုင်သည့် ဒရုန်းဖြစ်သောကြောင့် မောင်းနှင်ပျံသန်းနေစဉ်အတွင်း အရေးပေါ် အခြေအနေ ကြုံကြိုက်ပါက လေထီးအလိုအလျောက်ပွင့်နိုင်စေရန် စီမံဖန်တီးထားကြောင်း လည်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.