Connect with us

Videos

ကမ္ဘာ့ဒုတိယအမြင့်ဆုံးကြိုးတံတား တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့

ကွမ်ကျိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

မီတာ ၂၁၇၁ အရှည်ရှိသော ချင်းရွှေဟော် ကြိုး တံတားအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်တွင် ဒီဇင်ဘာလ (၃၁) ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကြိုးတံတားသည် ချောက်ကမ်းပါးအထက် ၄ဝ၆ မီတာကျော်တွင် ကြိုးများဖြင့် ဆိုင်းကာ ချိတ်ဆွဲထားသည့် ကမ္ဘာ့ ဒုတိယအမြင့်ဆုံး ကြိုးတံတားလည်းဖြစ်သည်။

တံတားအား တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း၂၄ဝ အကုန်အကျခံကာ တည်ဆောက်ချိန် ၂နှစ်ခွဲနီးပါး အထိ အချိန်ယူခဲ့ရသည်။ အဆိုပါ ကြိုးတံတားအား တည်ဆောက်ပေးခြင်းအားဖြင့် ကွေ့ရန် မြို့နှင့် အနီးနားဒေသများအား သွားလာ ဆက်သွယ်ရန်များစွာ အထောက်အကူပြုမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.