Videos
ကောလိပ်ဝင်ခွင့်စာမေးပွဲ အကြို ကျောင်းသားများစုပေါင်းကာ ယောဂ နှင့် ထိုက်ချိလေ့ကျင့်
ချုံကျင်း၊ ဇွန် ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံကျင်း အထက်တန်းကျောင်းမှ ကျောင်းသား ၁ဝဝဝ ခန့်စုပေါင်းကာ တိုက်ချိ လေ့ကျင့်ခန်းနှင့် ယောဂ ကစားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ မကြာမီကျင်းပတော့မည့် တရုတ် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာတွင် စိတ်ဖိစီးမှုများ လျော့ပါးစေရန်အတွက် အထက်တန်းကျောင်းသားများက ထိုသို့စုပေါင်းကာ လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။ တိုက်ချိကစားခြင်းနှင့် ယောဂ လေ့ကျင့်ခြင်းတို့သည် ကျန်းမာရေးအတွက် အထောက်အကူပြုရုံမက စိတ်ဖိစီးမှုများကို လည်းပြေပျောက်စေနိုင်သည်။ ကျောင်းသားများအနေဖြင့် လည်း ထိုသို့ စုပေါင်းဆောင်ရွက်ခြင်းအားဖြင့် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများတွင် ပျော်ရွှင် စွာလိုက်ပါဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေသကဲ့သို့ စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင် ကျန်းမာရေး ကောင်းမွန်စေခြင်း နှင့် စိတ်ဖိစီးမှု လျော့ပါးစေသည့် အကျိုးကျေးဇူးများလည်းရရှိစေနိုင်မည်ဖြစ်သည်။ (Xinhua)