Connect with us

Videos

ကုန်ကျစရိတ်သက်သာသည့် ကမ္ဘာ့ပထမဆုံး သံလမ်းမဲ့ ရထားထွက်ပေါ်

ဟူနန်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်တွင် သာမန်လမ်းများပေါ်တွင်သွားလာနိုင်သည့် သံလမ်းမဲ့ ရထားကို ဇွန်လ ၂ ရက်နေ့ က မိတ်ဆက်ပြသခဲ့သည်။ ကမ္ဘာပေါ်တွင် ပထမဆုံး သံလမ်းမဲ့ ရထားအဖြစ် လူအများ၏ စိတ်ဝင်စားမှုကို ခံရပြီး ၎င်းမှာ မြို့ကိုဖြတ်သန်းမောင်းနှင်နိုင်မည်ဖြစ်သည်။

ART စနစ်ကို အခြေခံ ထားသည့် အဆိုပါရထားတွင် ၎င်းပြေးဆွဲရန်သတ်မှတ်ထားသည့် လမ်းကြောင်းများကို ခြေရာခံနိုင်သော အာရုံခံစနစ်များစွာပါဝင်သည်။ လျှပ်စစ်စွမ်းအင်သုံးရထားဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အား လျှော့ ချပေးနိုင်သည်။ ရထားတွဲ ၃ တွဲဖြင့် ဖွဲ့စည်းထားသော အဆိုပါ ရထားတွင် ခရီးသည်ပေါင်း ၃ဝဝ ကျော်အထိ တင်ဆောင်နိုင်သည်။ ထို့အပြင်တွဲပိုများလည်း ထပ်မံ ချိတ်ဆက်နိုင်သည်။ ရထားတွဲနှင့် တတွဲအား သံလိုက်ဖြင့် ချိတ်ဆက်ထားသည်။ ရထားတွဲတတွဲလုံးမှာ ၃၁.၆၄ မီတာ ရှည်ကာ ၂.၆၅မီတာ အကျယ်ရှိပြီး ၃.၄ မီတာ အမြင့်ရှိသည်။ ၎င်းမှာ အမြန်နှုန်း တစ်နာရီလျင် ၇ဝ ကီလိုမီတာအထိ ပြေးဆွဲနိုင်သည်။ အလွယ်တကူ လမ်းကြောင်းလှည့်ပြောင်းနိုင်သည်။ CRRC Zhouzhou locomotive ကုမ္ပဏီက ART စနစ်ကို ပံ့ပိုးပေးသည်။ ရထားလမ်းဖောက်လုပ်ရန် အဆင်ပြေခြင်းမရှိသည့် မြို့ငယ်များတွင် ယာဉ်ကြောပိတ်ဆို့မှှုမှလျှော့ချနိုင်ရန် ရည်ရွယ်တီထွင်ခြင်းဖြစ်သည်။ ၎င်း၏ အားသာချက်မှာ ကုန်ကျစရိတ်သက်သာခြင်း နှင့် တည်ဆောက်မှု အချိန်လျှော့ချနိုင်ခြင်းတို့ ဖြစ်သည်။ယခုမှာ ၆.၅ ကီလိုမီတာရှည်သည့် လမ်းပေါ်တွင် နမူနာပြေးဆွဲခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် ပြည်သူများဖြင့်စတင်ပြေးဆွဲတော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.