Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံးသိပ္ပံနည်းကျစူးစမ်းလေ့လာမှုကို နိုင်ငံတကာ အာကာသစခန်းတွင်ပြုလုပ်မည်

ဖလော်ရီဒါ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

Space X falcon 9 ဒုံးပျံ ကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းမှ နိုင်ငံတကာ အာကာသစခန်းသို့ လွှတ်တင်ခဲ့ပြီး တရုတ်နိုင်ငံ၏ သုတေသီအဖွဲ့ ကလည်း အဆိုပါ ခရီးစဉ်တွင် လိုက်ပါ သွားခဲ့သည်။ ပေကျင်း နည်းပညာတက္ကသိုလ်နှင့် အမေရိကန် အဖွဲ့အစည်းတစ်ခုဖြစ်သည့် NanoRacks တို့ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်အရ ထိုသို့လိုက်ပါသွားခြင်းဖြစ်ပြီး ၎င်းသည် အာကာသတွင် DNA ၏ သက်ရောက်မှုကို လေ့လာစူးစမ်းရန်ရည်ရွယ်သည်။ ထို သုတေသနမှာ အာကာသ အတွင်း အထူးအန္တရာယ်ကြီးသည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး မျိုးဗီဇပြောင်းလဲမှုဖြစ်စဉ်များကိုလည်း လေ့လာမည်ဖြစ်သည်။ ထိုလေ့လာမှုအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ၂ဝ၁၁ ခုနှစ်က လွှတ်တင်ခဲ့သည့် Shenzhou-8 အာကာသယာဉ်၊ ၂ဝ၁၆ ခုနှစ်က လွှတ်တင်ခဲ့သည့် long march 7 ဒုံးပျံ နှင့် ယခုနှစ်အတွင်းတရုတ်နိုင်ငံက လွှတ်တင်ခဲ့သော ကုန်ပစ္စည်းတင် အာကာသယာဉ် Tianzhou-1တို့ဖြင့် ထည့်သွင်းပို့လွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.