Videos
ကွန်ဖြူးရှပ်အုတ်ဂူတူးဖော်တွေ့ရှိခဲ့
ကျန်းရှိ၊ နိုဝင်ဘာလ(၁၆) ရက် ဆင်ဟွာ
နိုဝင်ဘာလ(၁၄) ရက်နေ့တွင် တရုတ်ရှေးဟောင်းသုတေသီများသည် အနည်းဆုံးနှစ်ပေါင်း ၂ထောင် နီးပါးသက်တမ်းရှိသည့် ကွန်ဖြူးရှပ် အုတ်ဂူအားတူးဖော်တွေ့ရှိခဲ့သည်။
အဆိုပါ အုတ်ဂူထဲတွင် ကွန်ဖြူးရှပ်ဟု ယူဆရသော ပုံတူ၂ခု နှင့် အတူ သစ်စေးသုတ်ထားသော မျက်နှာပြင်တစ်ခုတွင်လည်း တရုတ်အက္ခရာ ဖြင့် ကွန်ဖြူးရှပ်၏ အထ္တုပတ္တိ အကျဉ်းဟု ယူဆရသည့် စာနှင့်တကွ၊ ၎င်းဖခင်၏အမည်နှင့် ၎င်းအလွန်မြတ်နိုးသော တပည့် ရန်ဟွေးတို့၏အမည်များ ရေးထိုးထားသည်ကို တွေ့ရှိခဲ့သည်။ပုံတူ ၂ ခုတွင် အနည်းဆုံးတစ်ခုသည် ကွန်ဖြူးရှပ်၏ ပုံတူ ဖြစ်ရမည်ဟု ရှေးဟောင်းသုတေသီများက ခန့်မှန်းကြသည်။ သို့ရာတွင် ခိုင်လုံသောသက်သေ အထောက်အထားများအား ဆက်လက်ရှာဖွေရန်လိုအပ်နေသေးကြောင်း သုတေသီခေါင်းဆောင်က ဆိုသည်။
အုတ်ဂူအား တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှိပြည်နယ် ရှိ ဟိုက်ဟွန်းဟွန်း သင်္ချ ိုင်းအတွင်း တွင် တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါ တူးဖော်တွေ့ရှိမှုသည် ကွန်ဖြူးရှပ်၏ သင်ကြားမှုများ ဟန်မင်းဆက်တွင် လွှမ်းမိုးခဲ့ကြောင်း ညွှန်ပြရာလည်းရောက်သည်။
တရုတ်နိုင်ငံ သမိုင်းတွင် ထင်ရှားခဲ့သည့် မင်းတစ်ပါးဖြစ်သော ဧကရာဇ်ဝူ၏ မြေးတော် လွီဟေးမှ အဆိုပါ အုတ်ဂူအားတည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသည်။
တရုတ်လူမျိုးများသည် ကွန်ဖြူးရှပ်အား ရာစုနှစ်များစွာကတည်းက ရိုသေလေးစားခဲ့ကြပြီး ၎င်း၏အဆုံးအမများသင်ကြားမှုများအတိုင်းလိုက်နာခဲ့ကြသလို ဆရာများအားလုံး၏ ဆရာသခင်အဖြစ်လည်းတင်စားခဲ့ကြသည်။ ကလေးများအားလည်း ငယ်စဉ်ကတည်းက ကွန်ဖြူးရှပ်၏အဆုံးအမ အားရွတ်ဆိုသင်ကြားစေကြကြောင်းလည်းသိရသည်။ (Xinhua)