Connect with us

Videos

(၁၃) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးပထမနေ့ စတင်ကျင်းပခဲ့

နေပြည်တော် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့ ကို နေပြည်တော်၌ ယနေ့ စတင်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက နောင်လာမည့် လွှတ်တော် ဖွဲ့စည်းချိန်အထိ ပထမအကြိမ် လွှတ်တော်၏ သက်တမ်းမှာ ၂ လခန့်သာ ကျန်ရှိသဖြင့် ထိုကာလအတွင်း လွှတ်တော်မှ ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များကို စေတနာပါပါ ၊ သစ္စာရှိရှိ ၊ တာဝန် ကျေပွန်စွာ ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် ဒုတိယအကြိမ် လွှတ်တော် အသစ်သည် ပထမအကြိမ်ထက် ပို၍ အရည်အသွေးရော အရည်အချင်းပါ ပြည့်စုံပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ပိုမို ဆောင်ရွက်နိုင်စေရန် မိမိတို့က လမ်းခင်း ဆောင်ရွက်ပေးကြရန်လည်းထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ကျင်းပ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေကြမ်း၊ ရထား ပို့ဆောင်ရေး လုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး ကုန်သွယ် ရေကြောင်း သွားလာရေး ဆိုင်ရာ တူးမြောင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ မြန်မာနိုင်ငံ ယစ်မျိုး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား တစ်ပိုဒ်ချင်း စီအလိုက် ဆက်လက် ဆွေးနွေး၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.