Videos
ခရီးသွားများစိတ်ဝင်တစားလာရောက်လည်ပတ်လေ့ရှိသည့် တရုတ်နိုင်ငံရှိ ဟွာရှန်းတောင်
အန့်ဟွေး၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန့်ဟွေးပြည်နယ်ရှိ ဟွာရှန်းတောင်ကြီးမှာ သဘာဝ အလှအပများ ဖြင့်လွန်စွာ လှပသည့် တောင်ကြီးတစ်ခုဖြစ်သောကြောင့် ခရီးသွားများ စိတ်ဝင်တစားလာရောက် လည်ပတ်လေ့ရှိသည်။ ကေဘယ်လ်ကားဖြင့် တောင်အတက်အဆင်းပြုလုပ်ပေးသည့် ဝန်ဆောင်မှုလည်းရှိသည့်အပြင် တောင်ထိပ်ပိုင်းတွင် နွေ မိုး ဆောင်း သုံးရာသီ ကို လျင်မြန်စွာ ရာသီဥတုပြောင်းလဲနေ ခြင်းသည် ဟွာရှန်းတောင်၏ ထူးခြားမှုတစ်ခုဖြစ်သည်။ ထို ဟွာရှန်းတောင်သို့ ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက်များလည်း သွားရောက်လည်ပတ်ခဲ့ကာ ရှုမျှော်ခင်းများကိုလည်းရိုက်ကူးတင်ဆက်ခဲ့သည့်အပြင် လာရောက်လည်ပတ်သူများကိုလည်းမေးမြန်းခဲ့ပါသည်။(Xinhua)