Connect with us

Videos

တရုတ်ကျွမ်းကျင်ပညာရှင်များမှငလျင်ဒဏ်သင့်ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး ကူညီဆောင်ရွက်

ပုဂံ ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံ ရှေးဟောင်း အဆောက်အအုံ များ ပြု ပြင် ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ရက်သတ္တပတ်တစ်ပတ်ကြာ လာရောက်၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ၊ ကုလသမဂ္ဂ ပညာရေး သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) တို့နှင့် အတူ ပူးပေါင်းကာ စေတီပုထိုးများ ပျက်စီးမှု အခြေအနေများအား လေ့လာ သုံးသပ်ခြင်း ၊ သိပ္ပံနည်းပညာဆိုင်ရာ သုံးသပ်မှုများ နှင့် ပြန်လည် ပြု ပြင်ရေး လုပ်ငန်း ကနဦး အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ စေတီပုထိုးများ ထိန်းသိမ်း ပြု ပြင် မွမ်းမံရေး ဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ ရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လိုအပ်ချက် အတိုင်း ပြည်သူ အကျိုးပြု လုပ်ငန်းများ ကူညီမှုနှင့် ထောက်ပံ့မှုများ အဆက်မပြတ် ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ သြဂုတ်လ ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဘုရားစေတီ ပုထိုး စုစုပေါင်း ၄၂၅ ဆူခန့်ထိခိုက်ပျက်စီးခဲ့ရကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တရုတ် ကျွမ်းကျင်ပညာရှင်များ အဖွဲ့သည် ငလျင်ဒဏ်သင့် ဂူပြောက်ငယ် ဘုရားသို့သွားရောက် လေ့လာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.