Videos
တရုတ်နိုင်ငံမှ နိုင်ငံရပ်ခြားသို့ တင်ပို့သည့် ပထမဆုံး အလိုအလျောက်စနစ်သုံး မောင်းသူမဲ့ မြေအောက်ရထား
ဟူနန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
အလိုအလျောက်စနစ်သုံး မောင်းသူမဲ့မြေအောက်ရထား တစ်စင်းကို တူရကီနိုင်ငံသို့ တင်ပို့ရန် တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ် ကျူးကျိုးမြို့တွင် ထုတ်လုပ်ပြီးစီးခဲ့သည်။
ထိုရထားကို CRRC Zhuzhou Electric Locomotive ကုမ္ပဏီလီမိတက်က အမှာစာရရှိပြီးနောက် ၆ လအတွင်း အပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တရုတ်နိုင်ငံက နိုင်ငံရပ်ခြားသို့တင်ပို့သည့် တစ်နာရီလျင် ၁၂၀ ကီလိုမီတာအမြန်နှုန်းမောင်းနှင်နိုင်သော ပထမဆုံး အလိုအလျောက်စနစ်သုံး မောင်းသူမဲ့ မြေအောက်ရထား တစ်စင်းဖြစ်သည်။
အဆိုပါရထားတွင် တစ်သက်တာ အဝေးထိန်းခြေရာခံစနစ်၊ ရထားကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရထားတစ်စင်းလုံး၏ရုန်းကန်အားစနစ် စသည့် အဆင့်မြင့်နည်းပညာများစွာဖွဲ့စည်းပါဝင်သည်။ ရထားတွဲ ၄ တွဲပါဝင်သည့် ရထားတစ်စင်းတွင် ခရီးသည်ပေါင်း ၁၁၀၀ ဦး အား တင်ဆောင်နိုင်သည်။ ရထားကို မည်သည့် နေရာအနေအထားတွင်မဆို မောင်းနှင်သူမလိုပဲ ပြေးဆွဲနိုင်အောင် ဖန်တီးတည်ဆောက်ထားသည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ် လေဆိပ်သစ်ကြီးတွင် ထိုအမျိုးအစား ရထားအစင်းရေပေါင်း ၁၇၆ စင်း ပြေးဆွဲ သွားရန်ရှိကြောင်းသိရသည်။ (Xinhua)