Connect with us

Videos

တရုတ်နိုင်ငံမှ နိုင်ငံရပ်ခြားသို့ တင်ပို့သည့် ပထမဆုံး အလိုအလျောက်စနစ်သုံး မောင်းသူမဲ့ မြေအောက်ရထား

ဟူနန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

အလိုအလျောက်စနစ်သုံး မောင်းသူမဲ့မြေအောက်ရထား တစ်စင်းကို တူရကီနိုင်ငံသို့ တင်ပို့ရန် တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ် ကျူးကျိုးမြို့တွင် ထုတ်လုပ်ပြီးစီးခဲ့သည်။

ထိုရထားကို CRRC Zhuzhou Electric Locomotive ကုမ္ပဏီလီမိတက်က အမှာစာရရှိပြီးနောက် ၆ လအတွင်း အပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တရုတ်နိုင်ငံက နိုင်ငံရပ်ခြားသို့တင်ပို့သည့် တစ်နာရီလျင် ၁၂၀ ကီလိုမီတာအမြန်နှုန်းမောင်းနှင်နိုင်သော ပထမဆုံး အလိုအလျောက်စနစ်သုံး မောင်းသူမဲ့ မြေအောက်ရထား တစ်စင်းဖြစ်သည်။

အဆိုပါရထားတွင် တစ်သက်တာ အဝေးထိန်းခြေရာခံစနစ်၊ ရထားကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရထားတစ်စင်းလုံး၏ရုန်းကန်အားစနစ် စသည့် အဆင့်မြင့်နည်းပညာများစွာဖွဲ့စည်းပါဝင်သည်။ ရထားတွဲ ၄ တွဲပါဝင်သည့် ရထားတစ်စင်းတွင် ခရီးသည်ပေါင်း ၁၁၀၀ ဦး အား တင်ဆောင်နိုင်သည်။ ရထားကို မည်သည့် နေရာအနေအထားတွင်မဆို မောင်းနှင်သူမလိုပဲ ပြေးဆွဲနိုင်အောင် ဖန်တီးတည်ဆောက်ထားသည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ် လေဆိပ်သစ်ကြီးတွင် ထိုအမျိုးအစား ရထားအစင်းရေပေါင်း ၁၇၆ စင်း ပြေးဆွဲ သွားရန်ရှိကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.