Videos
တရုတ်နိုင်ငံ၏ ကြီးမားသည့်ရေပိုလွှဲစီမံကိန်း
ဟူပေ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်းဟူပေပြည်နယ် ရှီယန်း မြို့ရှိ Danjiangkou ရေလှောင်ကန် မှာ တရုတ်နိုင်ငံရှိ ရေပိုလွှဲစီမံကိန်းများထဲတွင် ကြီးမားသည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။ ၎င်းရေလှောင်တမံသည် တရုတ်နိုင်ငံ တောင်ပိုင်းမှ မြောက်ပိုင်းသို့ သွယ်တန်းပို့ဆောင်သည့် မြစ်ကျဉ်းသုံးသွယ် ရေပိုလွှဲစီမံကိန်း အစပျိုးရာ ရေလှောင်တမံတစ်ခုလည်းဖြစ်သည်။ ၎င်းစီမံကိန်း သည် ယန်ဇီမြစ်မှ ရေများကို တရုတ်နိုင်ငံမြောက်ပိုင်းရှိ ခြောက်သွေ့သောဒေသများထံ ပို့ဆောင်ဖြန့်ဝေ ပေးသည်။ ၎င်းရေလှောင်တမံစီမံကိန်းမှ ပြည်သူ သန်းပေါင်းများစွာကို အကျိုးအမြတ် ရရှိစေကြောင်းသိရသည်။ (Xinhua)