Connect with us

Videos

နိုင်းမြစ်ပေါ်တွင် စက်ဘီးစီးနင်းခြင်း

ကိုင်ရို၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အီဂျစ်လူမျိုးများသည် ၎င်းတို့နိုင်ငံ၏ အထင်ကရ နိုင်းမြစ်ပေါ်တွင် စက်ဘီးစီးနင်းသွားလာသည့် အလေ့အထ တစ်ခုကို ပြုလုပ်လာခဲ့ကြသည်။ ရော်ဘာသရေအိတ် နှစ်ခုပေါ်တွင် စက်ဘီးတစ်စီးကို တင်ကာ စီးနင်းပြီးနောက် နိုင်းမြစ် တစ်လျှောက် လှပသည့် ရှုမျှော်ခင်းများကိုကြည့်ရှုခြင်းကို နှစ်သက်သူများပြားလာသည်။ Maab Ahmed က အဆိုပါအားကစားကို ပထမဆုံး စတင် မိတ်ဆက်သူဖြစ်ပြီး ပထမဆုံး နိုင်းမြစ်တွင် စက်ဘီးဖြင့် စတင်သွားလာသူလည်းဖြစ်သည်။

Maab Ahmed က “လူတော်တော်များများက နိုင်းမြစ်မှာ လှပတဲ့ ရှုမျှော်ခင်းနေရာတွေ အများကြီးရှိတယ်ဆိုတာကို မသိကြပါဘူး။ ပြီးတော့ အဲဒီနေရာတွေကိုလည်းမရောက်ဖူးကြပါဘူး 

ရေပေါ်မှာ စက်ဘီးစီးခြင်းအားဖြင့် အားကစားလှုပ်ရှားမှုတစ်ခုလည်းဖြစ်စေမယ့်အပြင် အလှအပ selfie ဓါတ်ပုံတွေလည်းရိုက်လို့ရမယ် ဒါ့အပြင် မရောက်ဖူးသေးတဲ့နေရာတွေကိုလည်း မြင်တွေ့စေနိုင်မှာပါ။ ကျွန်မတို့အဖွဲ့က အပတ်စဉ်တိုင်းမှာ မရောက်ဖူးသေးတဲ့ နေရာအသစ်တွေဆီကို စက်ဘီးနှင့် သွားရောက်လည်ပတ်ကြဦးမှာပါ” ဟုဆိုသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.