Connect with us

Videos

တရုတ်နိုင်ငံ၏ တိုင်းရင်းသားလူနည်းစု ဒေသတွင် ပထမဆုံး နျူကလီးယားဓါတ်အားပေး စက်ရုံ လုပ်ငန်းစတင်

ကွမ်ရှီးကျွမ့်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ တိုင်းရင်းသားလူနည်းစု ဒေသတွင် တည်ရှိသော ပထမဆုံး နျူကလီးယား ဓါတ်အားပေးစက်ရုံ ကို ဇန်နဝါရီလ ၁ရက်နေ့တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

၎င်းမှာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဖန်ချန်းကန် နျူကလီးယားဓါတ်အားပေးစက်ရုံ ဖြစ်ပြီး ၎င်းစက်ရုံ၏ဓါတ်ပေါင်းဖို အမှတ် (၁) စတင်လည်ပတ်ခြင်းဖြစ်သည်။

အဆိုပါဓါတ်ပေါင်းဖိုမှ တစ်နေ့လျင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၂၄ သန်းအထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး အလယ်အလတ်အရွယ်မြို့တစ်မြို့တွင်လိုအပ်သည့် လျှပ်စစ်ဓါတ်အား ကို ထောက်ပံ့ ပေးနိုင်မည်ဖြစ်သည်။

ဓါတ်ပေါင်းဖို အမှတ်(၁) အား ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်လည်ပတ်နိုင်ခဲ့ပြီး စက်ရုံ၏ ဓါတ်ပေါင်းဖို အမှတ် (၂) အား ၂ဝ၁၆ ခုနှစ် ဒုတိယနှစ်ဝက်လောက် တွင် စတင်လည်ပတ် နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.