Connect with us

Videos

တရုတ်ရိုးရာချစ်သူများနေ့ကျင်းပ

တရုတ်နိုင်ငံ တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တရုတ်ရိုးရာချစ်သူများနေ့ အခမ်းအနားကို တရုတ်ရိုးရာ (၇) လပိုင်း ၏ (၇) ရက်မြောက်သောနေ့တွင် ကျင်းပလေ့ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်ရိုးရာ ချစ်သူများနေ့ဟာ သြဂုတ်လ (၂၀) ရက်နေ့တွင် ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံအနောက်တောင်ဘက် ချုံကျင်းပြည်နယ်ကျန်းကျင်းဒေသရှိ စီးမြင်တောင်တွင် ၎င်းပွဲတော်ကိုကျင်းပခဲ့သည်။ ပွဲတော်တွင် နိုင်ငံအနှံ့မှ စုံတွဲပေါင်း (၅၀)ကျော်က ဟန်မင်းဆက်ခေတ်ရဲ့ ဟန်ရိုးရာအဝတ်အစားများကို ဆင်မြန်းပြီး မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြသည်။ အဆိုပါ ပွဲတော် ကို တရုတ်ရိုးရာယဉ်ကျေးမှု Qixi ပွဲတော် (သို့မဟုတ်) တရုတ်ချစ်သူများနေ့ ဟု ခေါ်ဝေါ်ကြပါသည်။
အဆိုပါပွဲတော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ ထောင်ကျော် ကတည်းက ကြည်နူးဖွယ် အချစ်ဒဏ္ဍာရီ တစ်ပုဒ်ကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့ကြောင်းသိရပါသည်။ Niu Lang နှင့် Zhi Nu ဆိုသော ဒဏ္ဍာရီလာ ချစ်သူနှစ်ဦး ၏ ကြည်နူးဆွတ်ပျံ့ဖွယ် လွမ်းမောဖွယ်အချစ်ဇာတ်လမ်းကို အမှတ်တရ ဖြစ်စေဖို့ရည်ရွယ်သလို၊ ချစ်သူ နှစ်ဦး ကိုယ်စား ကြယ်လေး ၂ ပွင့် ကောင်းကင်တွင် ဆုံစည်း သည့် နေ့တွင် ချစ်သူများ၏ဆုတောင်း များအားလုံးပြည့်စုံကြသည်ဟုလည်း ယူဆပြီးကျင်းပခြင်းဖြစ်ပါသည်။
ကျေးလက်ဒေသ များတွင် ယနေ့တိုင် ကောင်းကင်တွင် Niu Lang နှင့် Zhi Nuတို့ ချစ်သူ၂ ဦးကို ကိုယ်စားပြုထားတဲ့ ကြယ်နှစ်လုံးကောင်းကင်မှာ ဆုံစည်းမှုကို တွေ့မြင်ကြဆဲဖြစ်ပါသည်။ သက်ကြီးရွယ်အိုများက အဆိုပါဒဏ္ဍာရီများကို အမှတ်တရ ပြန်ပြောင်း ပြောပြတတ်ကြ ပေမယ့် မြို့ပြဒေသမှာတော့ အဆိုပါဓလေ့သည် တဖြေးဖြေးမှေးမှိန်လာနေပြီ ဖြစ်ပါသည်။ တရုတ်ရိုးရာ ချစ်သူများနေ့ကို မနှစ်က သြဂုတ်လ (၂) ရက်နေ့ တွင် ကျင်းပခဲ့သလို ၂၀၁၆ ခုနှစ် တွင် သြဂုတ်လ (၉) ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.