Connect with us

Videos

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြည်လည် ရုပ်သိမ်းခြင်း ဥပဒေကြမ်းဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုပေးရန် တင်သွင်းလာသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမှု မပြုဘဲ ဆိုင်းငံံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ကြေညာလိုက်သည်။
အဆိုပါဥပဒေကြမ်း စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး မဲခွဲ ဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၅၂၄ ဦးထဲမှ ထောက်ခံမဲ ၂၆၄ မဲ ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ မဲ ရရှိသဖြင့် ထောက်ခံမဲ များသောကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် မဆွေးနွေးဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာလိုက်သည်။
ယင်းဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးရာတွင်လည်း အများစုသည် အဆိုပါ ဥပဒေကို တစ်ရာခိုင်နှုန်း ထောက်ခံလျှင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ဖြုတ်ချနိုင်မှုကို ထောက်ပြဝေဖန် ဆွေးနွေး ခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့လိုက်ခြင်းသည် ယခု လွှတ်တော် သက်တမ်းအတွင်းသာ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပေးပို့ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.