Connect with us

Videos

ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ခွင့်ပြုနိုင်ရန် ပထမဆုံး ရုပ်သံလွှင့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဩဂုတ်လ ၂၆ ရက်နေ့၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆင်ဟွာကို ပြောကြားသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် အတည်ပြု ပြီးနောက် နိုင်ငံတော် သမ္မတမှ လက်မှတ်ထိုးပြီး ရုပ်မြင်သံကြား ကြီးကြပ်ရေး ဖွံ့ဖြိုး တိုးတက်မှု ဗဟိုအဖွဲ့ နဲ့ Broadcasting Council ဖွဲ့မည်ဖြစ်ကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးပါက အဆိုပါ နည်းဥပဒေ နှင့် အညီ ပုဂ္ဂလိက ရုပ်မြင်သံကြား လိုင်းများအား ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊နည်းဥပဒေ ရေးဆွဲ ပြီးစီးမယ့် အချိန်ကတော့ ၆ လ နဲ့ ၁ နှစ်လောက် ကြာနိုင်မယ်လို့ ထင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

လက်ရှိ ခွင့်ပြုပေးထားသည့် ရုပ်မြင်သံကြားလိုင်းများ နှင့် အက်ဖ်အမ် လိုင်းများသည် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ မထွက်မီ ၁ နှစ်အတွင်း ဆက်လက် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး၊ နည်းဥပဒေ ထွက်ရှိလာပါက ယင်း နည်းဥဒေနှင့် အညီ လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.