Videos
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မိုင်ဂျာယန်အစည်းအဝေးကျင်းပပြီးစီး
မိုင်ဂျာယန် ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား ကချင်ပြည်နယ် မိုင်ဂျာယန်၌ ၅ ရက်ကြာ ကျင်းပ ပြီးစီးခဲ့ ပြီးနောက် ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင့်ဆင့် အတွက် အဆင်ပြေ ချောမွေ့စေရန် အခြေခံကောင်း တစ်ခုကို ရရှိခဲ့ကြောင်း အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ဇူလိုင် ၃၀ ရက် အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်။
ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အသံများသည် တစ်ခုတည်း ဖြစ်ရန် အရေးကြီးကြောင်း ပြောကြားသည်။
ထို့အတူ မိုင်ဂျာယန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကချင် လွတ်မြောက်ရေး ကောင်စီ (KIC) ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွန်မော်ကပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် တက်ရောက်နိုင်ရေး အပေါ်
ဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးအား ဇူလိုင်လ ၂၆ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)