Connect with us

Videos

(၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

(၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပ ခဲ့ပြီး အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး ၊ တပ်မတော် အရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန် နှင့်ဇနီး ၊ စစ်သံမှူး ဝမ်ကျင့်ပေါ နှင့် ဇနီး တို့မှ ဧည့်သည်တော်များအား ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တရုတ်နိုင်ငံ စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဖန့်ချန်လုံ ထံ ပေးပို့သည့် သဝဏ်လွှာကို အခမ်းအနား၌ ဖတ်ကြား ခဲ့ ပြီးနောက်
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး ဝမ်ကျင့်ပေါ မှ လည်း
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၈၉နှစ်တာ ကာလအတွင်း သမိုင်းဖြစ်စဉ်များနှင့် တရုတ်မြန်မာ ၂နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေးနှင့်ဖွံ့ဖြိုးတိုးတက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာ နိုင်ငံ အခြေစိုက် သံရုံးအသီးသီးမှ စစ်သံမှူးများ အပါအဝင် ကဏ္ဍအသီးသီးမှ ဧည်သည်တော် ပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.