Connect with us

Videos

၂၁ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ရေး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံ

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )တို့ တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေး သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁နာရီမှစတင်ကာ ရန်ကုန်မြို့ National Reconciliation and Peace Center (NRPC) ရုံးတွင် နှစ်နာရီခန့်တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ မူဘောင်ပြန်လည် သုံးသပ်သည့်အစည်းအဝေးများတွင် အထူးဒေသ- ၄ မိုင်းလားအဖွဲ့အနေဖြင့် ကိုယ်စားလှယ်စေလွှတ်တက်ရောက်ရန်နှင့် ၂၁ရာစုပင်လုံညီလာခံတက်ရောက်ရန် အဓိက ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် AA ,MNDAA, TNLA တို့ ညှိနှိုင်းနေပြီး အဆိုပါ အဖွဲ့များနှင့် သွားရောက်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.