Connect with us

Videos

ထူးထူးဆန်းဆန်း ယူနန်တက္ကသိုလ်စာကြည့်တိုက်ထဲ အလည်လာသော ဒေါင်း

ယူနန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ကျောင်းစာကြည့်တိုက်ထဲတွင် ဒေါင်းတစ်ကောင် ရောက်ရှိနေခြင်းမှာ မြင်တွေ့နေကျပုံစံတော့မဟုတ်ချေ။ သို့ရာတွင် မကြာသေးမီက တက္ကသိုလ်ပုရဝဏ်အတွင်း မွေးမြူထားသည့် ဒေါင်းတစ်ကောင်သည် စာကြည့်တိုက်အတွင်းသို့ ရောက်ရှိခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Yunnan Technology and Business University ကျောင်းဝင်းထဲရှိကျောင်းစာကြည့်တိုက် သို့ ဒေါင်းတစ်ကောင် လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် ဆရာ ကျန်းကျိမင်က “မနက် ၁၀ နာရီလောက်မှာပေါ့လေ အဲဒီဒေါင်းက စာကြည့်တိုက်ထဲဝင်လာခဲ့တာ၊ ပြီးတော့ စာအုပ်စင်တွေကြားမှာလျှောက်ကြည့်နေရောပဲ၊ စာကြည့်တိုက်မှူးကလည်းဒေါင်းကိုမောင်းထုတ်လို့မရဘူး၊  သူလျှောက်ကြည့်စရာ စာအုပ်စင်တွေကလည်းအများကြီးပဲကိုး ၊ ဒေါင်းက စာကြည့်တိုက်ထဲက ထွက်ချင်ပုံကိုမရတာ ၊ နောက်တော့ တစ်နာရီလောက်လည်းကြာရော စာကြည့်တိုက်မှာရှိတဲ့ ပန်းခြံထဲဆင်းသွားတော့တာပဲ၊ သူ့ကို လာမဖမ်းမချင်းအဲဒီထဲမှာနေတော့တာ” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.