Videos
ပျော်ရွှင်ဆင်နွှဲအတာသြင်္ကန်ပွဲ
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
ယနေ့ ကျရောက်သည့် မြန်မာအတာသြင်္ကန်ပွဲတော်တွင် မဏ္ဍပ်များ၌ နံနက် ၈နာရီမှ စတင်၍ ရေကစားသူများ၊ ရေပက်ခံသူများ ဖြင့်စည်ကားလျက်ရှိသည်။
မြူးကြွသော တေးဂီတသံစဉ်များနှင့် အတူ မဏ္ဍပ်ပေါ်တွင် အဆိုတော်များ တေးသီချင်း သီဆို နေကြတာကို စင်အောက်မှ ပရိတ်သတ်များက ဂီတသံစဉ်နှင့် အတူ ပျော်ရွှင်စွာ ကခုန်လျက်ရှိသည်။ ယခုနှစ်သည် အပူလွန်ကဲသည့် နှစ်ဖြစ်သည့်အတွက် မဏ္ဍပ်များ၌ ရေကစားချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။
အတာသြင်္ကန်ပွဲတော်သည် ပျော်စရာ နှစ်သစ်ကူးပွဲတော်ဖြစ်သလို အန္တရာယ်များလည်း များပြားသည့် အတွက်လူငယ်များ ဂရုပြုပျော်ရွှင်သင့်သည့်ပွဲတော်တစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ရဲတပ်ဖွဲ့တွေအနေနဲ့လည်း သြင်္ကန်ကာလ လုံခြုံရေးကို အထူးဂရုပြုပြီး တာဝန်တွေချထားဆောင်ရွက်နေပါတယ်။ ယာဉ်မတော်တဆမှုအန္တရာယ်၊ လူငယ်အချင်းချင်းမူးယစ်ပြီး ရန်ဖြစ်တာတွေ အပြင်တခြားလုံခြုံရေး ကိစ္စတွေကိုလည်း အထူးကြပ်မတ်ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)