Connect with us

Videos

ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဖဲကြိုးဖြတ်ဖွင့်လှစ်

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သြင်္ကန်အကြိုနေ့ နံနက် ၇နာရီခွဲအချိန်တွင် ပြည်သူပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းစကားပြောကြားပြီးနောက် ရန်ကုန်မြို့တော်မဟာသြင်္ကန်ဗဟိုမဏ္ဍပ်ကိုဖွင့်လှစ်ခဲ့သည်။

ဦးဖြိုးမင်းသိန်းက “မြန်မာ့ရိုးရာယဉ်ကျေးမှုကိုစောင့်ရှောက်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရမည့်တာဝန်လည်း ရှိလာပါတယ်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ယခုနှစ်အတာသြင်္ကန်သည် မြန်မာ့ရိုးရာ အမျိုးသားရေးစိတ်ဓာတ် ပေါ်လွင်နိုင်ရေး အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲကြပါစေကြောင်းဆုတောင်း မေတ္တာပို့သအပ်ပါတယ်’’ ဟု ပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြနန္ဒာ သီချင်းဖွင့် ၍ အတာသြင်္ကန်အဖွင့်အားစတင်ခဲ့သည်။ မိုးမင်းသဘင်အဖွဲ့ကလည်း ဒေါင်းတေးသရုပ်ဖော်အကဖြင့် ကပြခဲ့သည်ကို တွေ့ရသည်။ထ့ိုအပြင် အမေများအဖွဲ့၊မမများအဖွဲ့များအပြင် ရုပ်ရှင်အနုပညာရှင်များ၊ဂီတအနုပညာရှင်များနှင့် သဘင်ပညာရှင်များကပါ လာရောက်သီဆိုဖျော်ဖြေလျက်ရှိသည်။ သီဆိုဖျော်ဖြေမှုများအပြင် သြင်္ကန်ယိမ်းအက ပြိုင်ပွဲများဆက်လက်ပြုလုပ်လျက်ရှိပြီး ရေပက်ကစားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.