Connect with us

Videos

ကမ္ဘာ့စက်ဘီးနေ့ကို ရည်ညွှန်းပုံဖော်

မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

စက်ဘီးစီးသူပေါင်း ၅ထောင်ကျော် က ဧပြီ လ ၁ဝ ရက်နေ့တွင် မက္ကဆီကို စီးတီးတွင် စက်ဘီးများမောင်းနှင်ပြီး စက်ဘီးပုံဖော်ခဲ့သည်။ စရိတ်သက်သာသည့် သွားလာရေးစနစ်နှင့် လေထုညစ်ညမ်းမှုတို့ကို လျှော့ချနိုင်မည့် ကြိုးပမ်းအားထုတ်မှုအဖြစ် ထို သို့စီစဉ်ရခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ကျင်းပခြင်းသည် ကမ္ဘာ့စက်ဘီးနေ့အထိမ်းအမှတ်အခမ်းအနား ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိရုံမကဘဲ စက်ဘီးစီးသွားလာခြင်းသည် လူသားတို့၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေကာ ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးနိုင်မည်ဖြစ်ပြီး အာရုံစူးစိုက်မှုကောင်းမွန်စေမည့်အပြင် အပန်းလည်းပြေစေမည်ဖြစ်သည်။

စက်ဘီးစီးခြင်းသည် မြိုပြဒေသများတွင် တဖြေးဖြေး လူကြိုက်များလာသည့် အပန်းဖြေအားကစားနည်းတစ်ခုဖြစ်ပြီး ယခု အခမ်းအနားကို သဘာဝပတ်ဝန်းကျင်ဝန်ကြီးဋ္ဌာနမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စက်ဘီးစီးသူများအဖွဲ့မှ ပူးပေါင်းပုံဖော်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.