Videos
ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း တွေ့ဆုံ
နေပြည်တော်၊ မေ ၁၂ ရက်(ဆင်ဟွာ)
ပြည်ထောင်စု လွှတ်တော် နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်းအား မေလ ၁၂ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးကိစ္စ နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းသည် မေလ ၁၂ရက်နေ့တွင် နေပြည်တော်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ကို သွားရောက်ပြီး ပညာရေး သင်ထောက်ကူ ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပြီး တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ (SEAOP & SEAGP) ကိုလည်း သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။