Connect with us

Politics

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် တရုတ်နိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင် တို့တွေ့ဆုံ ဆွေးနွေး

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် တရုတ်နိုင်ငံ အစိုးရအဖွဲ့ အထူးသံအမတ် လျိုကျန့်မင် တို့ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E.Mr. Liu Zhenmin , Special Envoy of the Chinese Government and Deputy Minister of Foreign Affairs of China) နှင့် အဖွဲ့ဝင်များသည် ယနေ့ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ထိုတွေ့ဆုံမှု အပြီးတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်ရှိ လွှတ်တော်ဝင်း အတွင်းရှိ (I-12) ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင် နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင် နှင့် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

ထို့ပြင် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ဆက်လက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.