Connect with us

Videos

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ရက် ၉၀ တိုးရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ အတည်ပြုလိုက်ပါတယ်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေး ရက် ၉၀ မှ နောက်ထပ် ရက် ၉၀ တိုးမြှင့်ရေး အတွက် နိုင်ငံတော်သမ္မတက မေလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်း သဝဏ်လွှာကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ တင်ပြခဲ့ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် လေးဦးမှ ဆွေးနွေးပြီး ကန့်ကွက်မဲ မရှိ အတည်ပြု ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117