Connect with us

Videos

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဆင်ဟွာသတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်း

နေပြည်တော် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ဇွန် ၉ ရက်တွင် ဆင်ဟွာ သတင်းဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခင် အစိုးရသက်တမ်းတွင် ပြဌာန်းခဲ့သည့် ရုပ်မြင်သံကြား နှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေအား ပြန်လည် သုံးသပ်ပြီး ဥပဒေကြမ်း ပြင်ဆင်ရေးဆွဲခြင်းအား အမြန်ဆုံး ရေးဆွဲ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုရေးဆွဲထားသည့် ဥပဒေကြမ်းအား လွှတ်တော်သို့မတင်မီ အများပြည်သူ ၊ သတင်းမီဒီယာ ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်များ သိရှိအောင် ချပြ အကြံဉာဏ်များ ရယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
ယခု အစိုးရ၏ ပြည်သူကို မျက်နှာမူသော မူဝါဒ နှင့် အညီ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူနှင့် အပြန်အလှန် ဆက်ဆံသည့် မူဝါဒအား ပြောင်းလဲ ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။
သတင်းမီဒီယာ လွတ်လပ်ခွင့် ၊ အရည်အချင်း မြှင့်တင်မှု အခြေအနေများနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသဖြင့် ရေးသားဖော်ပြမှုများ မှားယွင်း ချွတ်ချော်မှုများ တစ်ဖြည်းဖြည်း လျော့နည်းသွားရန် မျှော်လင့်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။
သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများ မှားယွင်းမှုနှင့် ပတ်သက်၍ အဲဒီ သတင်း မီဒီယာ ကောင်စီမှာ မှားယွင်းပြီး ရေးသား ခြင်းကြောင့် ထိခိုက်နစ်နာတာ မှု ရှိ ရင် အဲဒီ ကောင်စီကို တိုင်ကြား နိုင်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရပိုင် မီဒီယာများသည် အချိန် အတိုင်းအတာ တစ်ခုအထိ ဆက်လက် ရှိနေအုန်းမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။
ထို့အတူ ပုံနှိပ်မီဒီယာ အခန်းကဏ္ဍတွင် သတင်းစာများအား အသွင်အပြင် ၊ အနှစ်သာရ နှင့် အကြောင်းအရာ ပိုင်းများတွင် ပြောင်းလဲဆောင်ရွက်နေ သကဲ့သို့ရုပ်သံ မီဒီယာပိုင်းတွင် ပြုပြင် ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.