Videos
မောင်းသူမဲ့ယာဉ်ပျံငယ်ကို လက်အမူအရာဖြင့်မောင်းနှင်နိုင်ပြီဖြစ်
ရှန်းရန်၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်းရန်မြို့တွင် သိပ္ပံပညာရှင်များသည် မောင်းသူမဲ့ယာဉ်ပျံငယ် (drone) ကို လက်အမူအရာဖြင့်ပြသကာမောင်းနှင်နိုင်မည့် နည်းပညာကို တီထွင်ခဲ့ကြသည်။ သမားရိုးကျ controller နေရာတွင် လက်အိတ်တစ်စုံကို အစားထိုးလိုက်သည်ဟုလည်းဆိုနိုင်သည်။ လက်အိတ်များက အနားတွင် ရှိသည့်အခြား device များနှင့်ရောထွေးမှုမရှိစေဘဲ ထိရောက်စွာ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ ထိုနည်းဖြင့် မိမိ၏ drone မှာ လက်ဟန် ကို နားလည်ကာ လမ်းညွှန်သည့်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်သည်။ ထို drone သည် ၉၉ ရာခိုင်နှုန်းအထိ လက်ဟန်ကို နားလည်စွာပျံသန်းနိုင်မည်ဖြစ်သည်။ ထိုလက်ဟန်ဖြင့် drone မောင်းနှင်ခြင်းသည် လွယ်ကူရိုးရှင်းသောကြောင့် မိနစ်အနည်းငယ်အတွင်းပင် လေ့လာတတ်မြောက်နိုင်သည်။ (Xinhua)