Videos
ရွေးကောက်ပွဲတွင် ပြည်သူများနှင့် အတူ နိုင်ငံခေါင်းဆောင်များလည်း တက်ကြွစွာ ဆန္ဒမဲပေး
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
ယနေ့နိုင်ငံ အဝန်းတွင် ကျင်းပနေသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရသည့် မဲဆန္ဒရှင် ပြည်သူများက နံနက် ၆ နာရီမှ စ၍ မဲရုံများရှေ့တွင် မဲပေးရန် အတွက် တက်ကြွစွာ တန်းစီ စောင့်ဆိုင်းနေကြသလို၊ နိုင်ငံ့ ခေါင်းဆောင်များလည်း ပြည်သူများနှင့် အတူ မဲပေးခဲ့ကြသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ အကြီးအကဲများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် ပြည်ထောင်စု ဝန်ကြီးများ အစရှိသည့် ခေါင်းဆောင်များက နံနက်ပိုင်းတွင် လာရောက်မဲပေးခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲ၌ ပါဝင် ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ ၏ အတွေ့အကြုံများကိုလည်း ဆင်ဟွာမှ ယခုလိုသွားရောက်မေးမြန်းခဲ့သည်။
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့်၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာကလည်း ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး ယခုလိုပြောကြားခဲ့သည်။
(Xinhua)