Connect with us

Videos

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ပြီးဆုံး

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြဌာန်း သတ်မှတ်မည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးအား နိုင်ငံ အနှံ့ တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးရှိ မဲရုံများတွင် ယနေ့နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီအချိန်မှ စတင်ခဲ့ပြီးနောက် တည်ငြိမ် အေးချမ်းစွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ၏ စိတ်ပါဝင်စားမှု ၊ ဆန္ဒမဲပေးမှုများ မှာလည်း ယခင် ရွေးကောက်ပွဲထက် ပိုမို များပြားလာပြီး ယနေ့ရွေးကောက်ပွဲ ကျင်းပသည့်နေ့မဲရုံ အသီးသီးရှေ့တွင် မဲရုံ မဖွင့်လှစ်မီ နံနက် ၅ နာရီကျော် အချိန်မှ စတင်၍ တန်းစီ စောင့်ဆိုင်းခြင်း ၊ စနစ်တကျ ပါဝင်၍ မဲပေးခြင်းတို့ပိုမို များပြား မြင့်တတ်လာသည်ကို တွေ့မြင်ရသည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများက ယခုရွေးကောက်ပွဲတွင် ယခင်နှစ်များထက် ပိုမို စိတ်ကျေနပ်စွာ မဲပေးနိုင်ခဲ့ခြင်းများလည်း ရှိခဲ့ပြီး နိုင်ငံအနာဂတ်အတွက် နိုင်ငံသား တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့နိုင်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
မဲရုံပိတ်ချိန် ညနေ ၄ နာရီတွင် အချို့ မဲရုံများ၌ ဆန္ဒမဲပေးမှုများ မပြီးစီးသေးသော်လည်း ဆန္ဒမဲပေးသူများ အနေဖြင့် မဲရုံပရဝဏ် အတွင်း ရောက်ရှိနေပါက ဆက်လက်မဲပေးခွင့် ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.