Videos
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့တို့တွင် မီးဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် ကိုယ်စားလှယ်များ အားလုံး နေ့တွက်စရိတ် တစ်ရက်စာ ထည့်ဝင် လှူဒါန်းသွားရန် ဆုံးဖြတ်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့တို့တွင် မီးဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက စုပေါင်း လှူဒါန်းငွေ အဖြစ် ကိုယ်စားလှယ် တစ်ဦးလျှင် နေ့တွက် စရိတ် တစ်ရက်စာ ၂ သောင်းစီ ပါဝင် လှူဒါန်းသွားရန် ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း လှူဒါန်းငွေ အဖြစ် တစ်ရာ့နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းကျပ် အား လှူဒါန်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အဆိုပြု တင်ပြခဲ့ပြီး လွှတ်တော်၏ သဘောဆန္ဒ ရယူရာတွင် သဘောတူသည့် အတွက် အဆိုပြုသည့် အတိုင်း ပါဝင် လှူဒါန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့တို့တွင် မီးဘေး အန္တရာယ် ကျရောက်ပြီး ပြည်သူ့အချို့အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ငွေကျပ် သန်း ၃၂၀ ကျော် ဆုံးရှုံးခဲ့ရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ်( ၂၀၉ )လုံးနှင့် ပစ္စည်းများ မီးလောင်ခံရပြီး ဆုံးရှုံးမှု တန်ဖိုး၂၆၅,၅၀၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)