Connect with us

Videos

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဒဂုံမြို့နယ် NLD ကိုယ်စားလှယ် ဦးတင်မောင်ထွန်း အားရွေးချယ်

ရန်ကုန်၊ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး၊ ၎င်းအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ကမာရွတ်မြို့နယ် ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်တ့ိုကို ရွေးချယ်ခဲ့သည်။

သဘာပတိအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယနေ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အစီအစဉ် ၁၄ ခုဖြင့် ကျင်းပခဲ့ပြီး၊ တိုင်းဒေသကြီး လွှတ်တော်သဘာပတိတင်မြှောက်ခြင်း၊ သဘာပတိအဖြစ် ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း၊ ကတိသစ္စာပြုခြင်း နှင့် သဘာပတိမှ လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်းများ အားဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.