Connect with us

Videos

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး တွင် ကာနေဗယ် ပွဲတော်ကျင်းပခဲ့

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီလ ၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် ၂ဝ၁၆ ခုနှစ် ကာနေဗယ်ပွဲတော်ကို နှစ်စဉ်ကျင်းပနေကျ အတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အဆိုပါ ပွဲတော် ၏ အမှတ်အသားများမှာ အဖွဲ့လိုက် ဆန်းဘားအက ပြိုင်ပွဲများ ၊ လှပဆန်းပြား သော ဝတ်စား ဆင်ယင်မှုများဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ပျော်စရာအကောင်းဆုံးပွဲတော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကာနေဗယ်ပွဲတော်ကို ဆင်နွှဲရန်အတွက်လည်း နိုင်ငံခြားသားများစွာ ဘရာဇီးနိုင်ငံကို လာရောက်ခဲ့ကြသည်။

ယခုနှစ်တွင်မူ ကြောက်မက်ဖွယ် ရောဂါဆိုးတစ်မျိုးဖြစ်သော ဇီကာ Virus ကူးစက်ပျံ့ပွားလျက်ရှိသော်လည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပ ဖြစ်သော ပျော်ပွဲရွှင်ပွဲ တစ်ခု ဟုလည်း ဆိုနိုင်သည်။ ပွဲတော်တွင် အက သမားပေါင်း ၃၃ဝဝ ကျော်ပါဝင်သည့်အပြင် ဘရာဇီးနိုင်ငံ၏ အားကစားသမား များလည်း ပါဝင်ခဲ့ကြသည်။ ယခုနှစ်အတွက် ကာနေဗယ်ပွဲတော် တွင် ဘရာဇီးနိုင်ငံ ၌ မကြာမီကျင်းပတော့မည့် Rio Olympic Games ပွဲအကြောင်း ကို လည်း အထူး အသားပေးဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.