Connect with us

Videos

သဘာ၀ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ် စီမံဆောင်ရွက် နိုင်ရေး အရေးကြီး အဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်လ်နီညို(EL Nino) အကျိုး သက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအား ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ့ဖေဖော်ဝါရီ ၂၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ထိုအရေးကြီး အဆိုအား မိတ္ထီလာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်လ်နီညို(EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ့ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြသနာများ ၊ စားရေရိက္ခာ ပြသနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရေးကြီး အဆိုနှင့် ပတ်သတ်၍ ကျောင်းကုန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏ သဘောဆန္ဒရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၂၈ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၃၉၁ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၉ မဲ ၊ ကြားနေ ဆန္ဒမဲ ၁၈ မဲ ဖြင့် အဆိုအား ဆက်လက် ဆွေးနွေးရန် သဘောတူသဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.