Videos
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်
နိုဝင်ဘာလ(၁၂) ရက် (ဆင်ဟွာ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ တွေ့ဆုံ ခွင့် တောင်းသည့် စာနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင် အနိုင်ရနေမှု အပေါ် ဂုဏ်ပြု ကြောင်း ၊ သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဖိတ်ကြားချက်အား ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း မှ လာမည့်အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြား အရေးကိစ္စများ ရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟုလည်းကောင်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လာမည့် တစ်ပတ်အတွင်း တွေ့ဆုံ ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၁ ရက် စာပေးပို့၍ တောင်းဆိုခဲ့သည်။
အဆိုပါတွေ့ဆုံမှု နှင့် ပတ်သက်၍ ပြည်သူများ၏ မျှော်လင့်ချက်စကားသံများအားလည်း ဆင်ဟွာ မှ အခုလိုမေးမြန်းခဲ့သည်။ (Xinhua)