Connect with us

Videos

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဇီးကုန်းမဲဆန္ဒနယ်တွင်အနိုင်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်နေရာများတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ စာရင်းကို ထုတ်ပြန်ကြေညာရာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမဲဆန္ဒနယ် ၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ အစိုးရ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် မဲအရေ အတွက် ၂၄,၉၅၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာလ (၁၁) ရက် ညနေ (၆) နာရီ ထုတ်ပြန်ခဲ့သော စာရင်းများအရ စုစုပေါင်းကိုယ်စားလှယ် စာရင်း ၅၇၃ ဦးရှိနေပြီဖြစ်ပြီး ပြည်သူ့ လွှတ်တော် တွင် အနိုင်ရသည့် ကိုယ်စားလှယ် စုစုပေါင်း ၂၁၆ ဦး၊ အမျိူးသားလွှတ်တော် တွင် အနိုင်ရသည့် ကိုယ်စားလှယ် စုစုပေါင်း ၈၃ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၇၄ ဦး အထိရှိနေပြီဖြစ်သည်။

နိုဝင်ဘာလ (၁၁) ရက် ညနေ (၆) နာရီ တွင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးတို့မှ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စာရင်းများအား ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.