Connect with us

Videos

ရွေးကောက်ပွဲ အတည်ပြု ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အစိုးရဖွဲ ့နိုင်

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ယခု ကျင်းပ ပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၏ အနိုင်ရ ကိုယ်စားလှယ်များအား ထုတ်ပြန်ပြီးစီးမှု ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် နေရာတွင် ကိုယ်စားလှယ် စုစုပေါင်း အရေအတွက်၏ ထက်ဝက် ကျော်ပြီးရရှိနေပြီး အစိုးရ ဖွဲ့နိုင်သည့် အရေအတွက် ရရှိထားပြီဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၆၆၄ ဦး ရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် စုစုပေါင်း အရေအတွက် ၃၄၈ ဦး ရှိ၍ ထက်ဝက်ကျော်ထက် ပိုမို ရရှိနေပြီး အစိုးရဖွဲ့နိုင်သည့် အရေအတွက် ရရှိထားပြီ ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာလ (၁၃) ရက်နေ့ နေ့လည်၁၂ နာရီ အချိန်အထိ ရွေးကောက်ပွဲ ရလဒ် အတည်ပြု ထုတ်ပြန်ချက်များ အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်သူ့ လွှတ်တော်တွင် ကိုယ်စားလှယ် ၂၃၈ ဦး ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၁၀ ဦး ၊ တိုင်းဒေသကြီး ၊ ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၄၀၁ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် (တိုင်းရင်းသား လူမျိုး) လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.