Connect with us

Videos

CPC အမျိုးသားညီလာခံ ကျင်းပပုံ

ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းသစ်ဖောက်လုပ်ရန်မျှော်လင့်ပြီး ၅ နှစ် တစ်ကြိမ် ကျင်းပမြဲဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကို ယခုလအတွင်း ကျင်းပမည်ဖြစ်သည်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ၊ သိပ္ပံဆိုင်ရာ တီထွင်စမ်းသပ်မှု နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အောင်မြင်စွာ စွမ်းဆောင်ခဲ့ကြသူများကို တရုတ်ကွန်မြူနစ်ပါတီ(CPC) ကိုယ်စားလှယ်အဖြစ်ရွေးချယ်ပြီး ၎င်းတို့၏ တင်ပြချက်များကို CPC အမျိုးသားညီလာခံတွင် တင်သွင်းဆွေးနွေးကြခြင်းဖြစ်သည်။ ၎င်းတို့က တရုတ်နိုင်ငံ၏ လူမှုရေးနယ်ပယ်ကဏ္ဍစုံပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုကို တွန်းအားပေးခြင်း နှင့် အသိအမြင်များ ဖြန့်ဝေပေးခြင်း အတွက် ညီလာခံသို့စုရုံး တက်ရောက်ကြမည်ဖြစ်သည်။ ညီလာခံတွင် အဓိက အရေးကြီးသည့် အပိုင်း၂ ခုမှာ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မဲခွဲရွေးချယ်ခြင်း တို့ဖြစ်ပြီးဆုံးဖြတ်ချက်ချမှတ်ခြင်း မှာ CPC အမျိုးသားညီလာခံက တရုတ်ကွန်မြူနစ်ပါတီ၏အရေးပါသည့်ကိစ္စများနှင့် တိုင်းရေးပြည်ရာတို့ကို ပါတီညီလာခံတွင်ဆုံးဖြတ်ချက်ချခြင်းဖြစ်ပြီး မဲခွဲရွေးချယ်ခြင်းမှာ စည်းကမ်းထိန်းသိမ်းရန်အတွက် CPC အမျိုးသားညီလာခံမှ CPC ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ နှင့် ကော်မရှင်အဖွဲ့ဝင်များကို မဲပေးရွေးချယ်ခြင်းပင်ဖြစ်သည်။ ယခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည့် ညီလာခံအခမ်းအနားသို့တက်ရောက်ရန် ကိုယ်စားလှယ်ပေါင်း ၂၂၈၇ ဦးကို ရွေးချယ်ထားကြောင်း သိရသည်။လူမှုရေး နယ်ပယ်စုံမှ အောက်ခြေတန်း ကိုယ်စားလှယ်ပေါင်း ၇၇၁ ဦး ( ၃၃.၇ ရာခိုင်နှုန်း) တက်ရောက်ခွင့်ရရှိမည်ဖြစ်ရာ လွန်ခဲ့သော ၅ နှစ်က ကျင်းပခဲ့သော ညီလာခံထက် ၃.၂ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.