Connect with us

Videos

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ က တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆောင်ရွက်မှုများအားလေ့လာသင့်ဟုဆို

ဝါရှင်တန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က စက်တင်ဘာ ၁၂ ရက်နေ့၌ တရုတ် နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကူညီဆောင်ရွက်မှုများသည် အလယ်အလတ် ဝင်ငွေတည်ရှိသည့် နိုင်ငံ များအတွက် လေ့လာသင်ယူ သင့်သည့် စံနမူနာကောင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ Jim Yong Kim က ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့(IMF) နှင့် ကမ္ဘာ့ဘဏ် ဆောင်ဦးရာသီ အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ သည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး မှ တစ်ဆင့် ကမ္ဘာ့ဈေးကွက် အတွင်းသို့ ဝင်ရောက် နိုင်ခဲ့ပြီး သန်းရာချီသောလူပေါင်းများစွာ ကို ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်စေခဲ့ကြောင်း ၊ ကမ္ဘာ့အဆိုးရွားဆုံး ဆင်းရဲနွမ်းပါးသူ ဦးရေသည် ၁၉၉၀ နှစ်ပေါင်းတွင် ၄၀ ရာခိုင်နှုန်းခန့်တည်ရှိခဲ့ရာ လက်ရှိချိန်တွင် ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း ၊ ထိုကဲ့သို့ ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်လာသော လူဦးရေ အများစုမှာ တရုတ် နိုင်ငံ မှဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး သမိုင်းတွင် တရုတ် နိုင်ငံ က အရေးပါသည့် သမိုင်းစာမျက်နှာများကို ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.