Connect with us

Videos

တာ့ခ်မန်နစ္စတန်သမ္မတ မှ သမ္မတပူတင်အား ၆၅ နှစ်ပြည့်မွေးနေ့လက်ဆောင်ခွေးငယ်လေးတစ်ကောင်ပေး

ဆိုချီ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပလျက်ရှိသည့် လွတ်လပ်သောဓနသဟာယနိုင်ငံများညီလာခံတွင် တာ့ခ်မန်နစ္စတန်သမ္မတ မှ သမ္မတပူတင်အား ၆၅ နှစ်ပြည့်မွေးနေ့လက်ဆောင် ခွေးငယ်လေးတစ်ကောင်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ခွေးလေးအား “သစ္စာ” ဟု အမည်ပေးထားပြီးသိုးထိန်းခွေးအမျိုးအစား ဖြစ်သည်။ ရုရှားသမ္မတပူတင်မှာ Akita အမျိုးအစား Yume ဟုအမည်ရသည့် ခွေးလေးတစ်ကောင်လည်းရှိသည်။ ထိုခွေးလေးကို ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံ၏ ငလျင်နှင့် ဆူနာမီဘေး၌ ရုရှားနိုင်ငံ၏ထောက်ပံ့ကူညီပေးမှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ၂ဝ၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံက လက်ဆောင်အဖြစ်ပေးပို့ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.